လဲချားတွင် ရှမ်းနှစ် (၂၁၁၇)နှစ်အထိမ်းအမှတ် ပိုက်ကျော်ခြင်း၊ စားပွဲတင် တင်းနစ်နှင့် ကြက်တောင်ရိုက် အားကစားပြိုင်ပွဲများ ကျင်းပ

လဲချား နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ရှမ်းနှစ် (၂၁၁၇)နှစ်အထိမ်းအမှတ် ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်နှင့် ကြက်တောင်ရိုက် အားကစားပြိုင်ပွဲများကို အား/ကာဦးစီးဌာနမှ ဦးဆောင်၍ယမန်နေ့ နေ့လည် (၁)နာရီအချိန်က မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ အား/ကာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးထိန်လင်းမှ ပြိုင်ပွဲကျင်းပပြုလုပ်ပေးရခြင်းကို ပြိုင်ပွဲဝင် အားကစားသမားများအား ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲကို စတင် ယှဉ်ပြိုင် ကစားခဲ့သည်။

ရှမ်းနှစ် (၂၁၁၇)နှစ်အထိမ်းအမှတ် အားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်းပြိုင်ပွဲဝင်အသင်း (၈)သင်း၊ ကြက်တောင်နှစ်ဦးတွဲ (၁၃)သင်း၊ စားပွဲတင်တင်းနစ်နှစ်ဦးတွဲ (၁၄)သင်း၊ ယနေ့အထိ ယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)