ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

ကလေး နိုဝင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့နံနက်ပိုင်းက ကလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Cetre) ခန်းမတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကလေးခရိုင် ကုန်းလမ်းညွှန်ကြားမှူးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာချိုက  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာဆိုင်ရာ ညွှန်ကြားချက်နှင့် ဥပဒေများ၊ ပြည်သူများသိရှိ လိုက်နာကြရမည့်  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ၊  ခြေကျင်‌လျောက်သူများနှင့် သက်ဆိုင်သည့် လမ်းအမှတ်သားများ၊ လမ်းဖြတ်ကူးနည်းများကို အသိပညာပေး ဆွေးနွေး ပြောကြားခဲ့သည်။

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများအသိဉာဏ်ပညာ ဗဟုသုတများ တိုးပွား လာစေရန်အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ စာပေမြတ်သူနိုးသူများဖြင့် စာဖတ်ဝိုင်း၊ အသိပညာပေးဆွေးနွေးများနှင့် သင်တန်းများကို အပတ်စဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကလေး(ပြန်/ဆက်)