ဟင်္သာတမြို့နယ်အတွင်းရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် ဟင်္သာတတက္ကသိုလ် ကျောင်းများတွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲများကျင်းပ

ဟင်္သာတ နိုဝင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်အတွင်းရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် ဟင်္သာတတက္ကသိုလ်ကျောင်းများတွင် ယမန်နေ့ နံနက်ပိုင်းက မောင်မယ်သစ်လွင်ကြိုဆိုပွဲများ ကျင်းပ၍ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ကျောင်းများ စတင်တက်ရောက်လျက်ရှိသည်။

ဟင်္သာတမြို့နယ်တွင် ဖွင့်လှစ်ထားသော အဆိုပါကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပထမနှစ်အတန်းများတွင် စတင်တက်ရောက်ကြမည့်ကျောင်းသား ကျောင်းသူများနှင့် ယခင်ပညာသင်နှစ်က တက်ရောက်ခဲ့ကြသော ကျောင်းသား ကျောင်းသူ ဟောင်းများပါ ယနေ့တွင်စတင်၍ ကျောင်းဖွင့်ချိန်များအတိုင်း ပုံမှန်ပြန်လည်တက်ရောက်၍ မိမိတို့၏ သက်ဆိုင်ရာ ဘာသာရပ်များအလိုက် တက်ရောက်ပညာသင်ကြားနေကြပြီဖြစ်ရာ သက်ဆိုင်ရာ တက္ကသိုလ်များအလိုက် ကျောင်းအုပ်ကြီးများနှင့်ဆရာ၊ ဆရာမများက ကျောင်းသား ကျောင်းသူများအား မောင်မယ်သစ်လွင် ကြိုဆိုပွဲများကို ကျင်းပပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)