သိန္နီ နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ စာပေဗဟုသုတကြွယ်ဝစေရန်၊ အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အားလပ်ချိန်များကို စာပေဖတ်ရှုလေ့လာမှတ်သားခြင်းဖြင့် အသုံးပြုတတ်စေရန်၊ စာဖတ်ရှိန်မြင့်မားလာ စေရန် ရည်ရွယ်၍ စာပေစကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိသိမ့်က စာပေစကားဝိုင်း ကျင်ပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ Grade-7 ကျောင်းသား မောင်ထက်မြတ်လှိုင်နှင့် Grade-8 ကျောင်းသား မောင်စိုင်းဇေယျကျော်တို့က စာရေးဆရာ ကျော်ရင်မြင့် ရေးသားထားသော “ရွှင်ပျော်ပျော် အောင်မြင်ရေး အိုင်ဒီယာများ” စာအုပ်ပါ အကြောင်း အရာများအား ဆွေးနွေးခဲ့ကြသည်။ အဆိုပါစာပေ စကားဝိုင်းသို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်း သူ (၃၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)