ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေး

ကျွန်းလှ နိုဝင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အထောက်အကူဖြစ်စေသည့် ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး ခြောက်လပြည့်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း ဆောင်ရွက်၍ ထပ်ဆောင်းကာကွယ်ဆေးများ စနစ်တကျ ထိုးနှံပေးကြသည်။

ထို့အပြင် အသက် ၁၈ နှစ်အထက်နှင့် အသက် ၁၅ နှစ်နှင့် ၁၈ နှစ်ကြား  ကျောင်းပြင်ပ လူငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို