မြင်းမူ နိုဝင်ဘာလ ၂၂
မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ “ကလေးအလုပ်သမားပပျောက်ရေး” အသိပညာ ပေး Talk Show ကျင်းပခြင်းကို ယနေ့နံနက်ပိုင်းက မြင်းမူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေး Talk Show ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနေလင်းအောင်က Talk Show ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ဆွေးနွေး ပြောကြားခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သက်အိစံက ကလေးအလုပ်သမားပပျောက်ရေး လှုပ်ရှားဆောင်ရွက်မှု အခြေအနေများ၊ ကလေးသူငယ်များ၏ အခွင့်အရေးများနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေး ပြောကြားခဲ့သည်။
မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာဗဟု သုတများရရှိစေရန် Talk Show များ ဆောင်ရွက်ခြင်း၊ စာဖတ်ဝိုင်းများ၊ စာအုပ်ပြပွဲများ ဆောင်ရွက် ခြင်း၊ သုတ/ရသစာအုပ်၊ စာစောင်များ အခမဲ့ငှား ရမ်းပေးခြင်း၊ ကလေးငယ်များအတွက် ပြပွဲ/ ပြိုင်ပွဲများကို အခါအားလျော်စွာ ကျင်းပပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်