မွန်ပြည်နယ်ဝန်ကြီးချုပ်မှ ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာ၊ သမိုင်းဝင် ကော့ရွဲစေတီတော်မြတ်ကြီး ဘက်စုံမွမ်းမံလှူဒါန်းငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာ၊ သမိုင်းဝင်ကော့ရွဲစေတီတော် မြတ်ကြီးအား ဘက်စုံမွမ်းမံလှူဒါန်းငွေပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၃ ရက်နေ့ နံနက် (၉)နာရီက ပြုလုပ်ခဲ့ရာလှူဒါန်းပွဲသို့ ကညှော်တိုက်ကျောင်း ဦးစီးပဓါနနာယက ဆရာတော် ဘဒ္ဒန္တဥူးပညာဇောတိနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဖြစ်ကြသော လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက် ကြသည်။

မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile Library Bus ဖြင့် ကျေးရွာများ/ ကျောင်းများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library Bus) ဖြင့် ယမန်နေ့နံနက်က ဘုရားငုတ္တိုရှမ်းစုကျေးရွာနှင့် အ.လ.က(၄)ကျောင်းသို့ သုတရသ စာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့ကြသည်။

မူဆယ်မြို့တွင် အများပြည်သူသုံးစွဲရန် မသင့်လျော်သည့် တရုတ်နိုင်ငံထုတ် စားသောက်ကုန်ပစ္စည်းများအား မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊မူဆယ်မြို့တွင် အများပြည်သူများ သုံးစွဲရန်မသင့် လျော်သည့် တရုတ်နိုင်ငံထုတ်စားသောက်ကုန်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မူဆယ်မြို့အကောက်ခွန်ဦးစီးဌာနရုံးဝင်းအတွင်းရှိ ဖျက်ဆီး‌ရေးကွင်း၌ မီးရှို့ ဖျက်ဆီးခဲ့သည်။

ဘုတလင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်၍ စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပြည်သူများအနေဖြင့် လက်ရှိဖြစ်‌ပေါ်နေသော အခြေအနေအမှန်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်း ဆောင်ရွက်‌နေမှု များကို ပြည်သူများသိရှိစေရန်အတွက် စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဘုတလင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ဘုတလင်မြို့ မြဝတီရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ ဝန်ဆောင်မှုရုံး(OSS)၌ ယမန်နေ့ နံနက် ၁၁ နာရီခွဲ အချိန်က ဒေသခံပြည်သူများနှင့် တွေ့ဆုံ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟင်္သာတမြို့နယ်တွင် စာဆိုတော်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်း စကားပြော ပြိုင်ပွဲဆုချီးမြှင့်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌ မြို့နယ်စာရေးဆရာ အသင်းမှ ကျင်းပသော စာဆိုတော်နေ့ အခမ်းအနားကို ယမန်နေ့ နေ့လည် ၁၁ နာရီက ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

မူဆယ်မြို့တွင် ရှမ်းနှစ်သစ်ကူးဆွမ်းကပ်၊ တရားနာမင်္ဂလာပွဲနှင့် ကောက်သစ်စားပွဲ အခမ်းအနားပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ရွှေသမင်ဘုန်းကြီးကျောင်း၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ရှမ်းနှစ်သစ်ကူးဆွမ်းကပ်၊ တရားနာမင်္ဂလာပွဲနှင့် ကောက်သစ်စားပွဲ အခမ်းအနားကို ပြုလုပ်ခဲ့သည်။

ဟိုင်းကြီးကျွန်းမြို့၌ ပင်လယ်လိပ်မျိုးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၌ ပင်လယ်လိပ်မျိုးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဒေသခံပြည်သူများ၏ လူမှု စီးပွားဘဝများ တိုးတက်ကောင်းမွန် လာစေရေးအတွက် ဌာနဆိုင်ရာ အကြီးအကဲများ စုပေါင်းအသိပညာပေး ဟောပြောပွဲကို နိုဝင်ဘာ ၂၂ ရက်နေ့ နံနက်(၉)နာရီအချိန်က ခမောက်မော်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့တွင် ယာဉ်အန္တရာယ်မှကင်းဝေးစေရေး အနှေးယာဉ်များ ရောင်ပြန်စတစ်ကာတပ်ဆင်ရန် အသိပညာပေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်၊ တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့၏ ထပ်ဆင့်ညွှန်ကြားချက်အရ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး ယနေ့နံနက်(၈)နာရီ အချိန်က ကြံခင်းမြို့နယ်အတွင်းရှိ ဆိုက္ကားဂိတ်များရှိ အနှေးယာဉ်များအား ရောင်ပြန် စတစ်ကာတပ်ဆင်ရန် အသိပညာပေးကြကြောင်း သိရသည်။

မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာလေးရွာတွင် Cash For Work  စီမံကိန်းဖြင့် ဆောင်ရွက်သော ကျေးရွာတွင်းလမ်းအား ဂျင်းခင်းခြင်းလုပ်ငန်းနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများရာနှုန်းပြည့်ပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာလေးရွာတွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်   Cash For Work  စီမံကိန်းဖြင့် ဆောင်ရွက်သော ကျေးရွာတွင်းလမ်းအား ဂျင်းခင်းလုပ်ငန်းနှင့် ရေမြောင်း တူးဖော်ခြင်းလုပ်ငန်းများ  ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း  ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

စားသုံးဆီဈေးနှုန်းချိုသာစွာဖြင့် စားသုံးသူများလက်ဝယ်အရောက်ရောင်းချပေး

ပြည်ထောင်စုနယ်မြေ နေပြည်တော် စားသုံးသူရေးရာဦးစီးဌာနမှ ဆီကုန်သည်အသင်းဝင်များဖြင့် ပူးပေါင်း၍ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ သွားရောက်၍ ယနေ့နံနက်ပိုင်းမှစတင်ကာ ဈေးနှုန်းသက်သာစွာ ဖြင့် ရောင်းချပေးလျက်ရှိသည်။
Subscribe to