ပဉ္စမအကြိမ်မြောက် "ဓနုအမျိုးသားနေ့"ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘိလီယက်စနူကာပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ရှမ်းရပ်ကွက် " ပြည့်စုံ " စားသောက်ဆိုင် ဘိလီယက်ခုံ၌ လာမည့်နတ်တော်လဆန်း(၈)ရက် (၃၀.၁၁.၂၀၂၂)နေ့တွင် ကျရောက်မည့် ပဉ္စမအကြိမ်မြောက် "ဓနုအမျိုးနေ့" က ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလွတ်တန်း ဘိလက်ယက်စနူကာပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၅ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးကုတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ကိုဗစ်‌-၁၉ရောဂါကာကွယ်ဆေးများကို အပတ်စဉ် ထိုးနှံပေးလျက်ရှိရာ ယမန်‌နေ့နံနက်(၉)နာရီအချိန်မှ  စတင်ကာ မိုးလုံလေလုံအားကစားခန်းမတွင် ထိုးနှံပေးခဲ့သည်။

၁၃၈၄ ခုနှစ်၊ စာဆို​တော်​နေ့ အထိမ်းအမှတ်ဖြင့် သာကေတမြို့နယ်တွင် Talk Show ဆွေးနွေးပွဲ​ ဆောင်ရွက်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ယနေ့တွင် ကျရောက်သည့် စာ​တော်​နေ့ကို ကြိုဆိုဂုဏ်ပြု​​သောအားဖြင့် စာဆိုတော်နေ့ အထိမ်းအမှတ် Online Talk Show ဆွေးနွေးပွဲကို ယနေ့​ နေ့လယ် ၁ နာရီအချိန်က သာ‌ကေတမြို့နယ် လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပခဲ့သည်။

ပေါက်တောမြို့၌ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ (မြို့နယ်အဆင့်) အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပေါက်တောမြို့၌ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ (မြို့နယ်အဆင့်) အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ် ၁ နာရီက မြို့နယ် ပညာရေးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

မလှိုင်မြို့နယ် ကျင်းရွာကျေးရွာ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အုပ်ဖိုကန်ကျေးရွာအုပ်စု၊ ကျင်းရွာကျေးရွာ ဒေသခံပြည်သူများ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်အတွင်းရှိ ဦးတည်အုပ်စုပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်းရှိ ဦးတည်အုပ်စုပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Doses ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထိုးနှံပေးခြင်းနှင့် Phase-17 ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက စုရပ်များ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

မိုင်းရှူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် (Grade-5) သင်ရိုးသစ်နှင့် အလယ်တန်းဆင့် (Grade-9) သင်ရိုးဟောင်း စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ခရိုင်အဆင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် (Grade-5) သင်ရိုးသစ်နှင့် အလယ်တန်းဆင့် (Grade-9) သင်ရိုးဟောင်း စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to