မိုင်းဆတ်မြို့၌ ဆိုလာစနစ်ဖြင့် ချောင်းရေတင်စိုက်ပျိုးရေးလုပ်ငန်း၊ စိုက်ပျိုးရေတင်နေမှုအနေအနေအားကွင်းဆင်းစစ်ဆေး
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၁၁ ဒဿမ ၇၄၀)သန်းဖြင့် ဒေသခံတောင်သူများ နွေရာသီတွင်စိုက်ပျိုးရေရရှိကာ ရာသီသီးနှံများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးနိုင်ပြီး အပိုဝင်ငွေများရရှိနိုင်စေရန်အတွက် ဆိုလာစနစ်ဖြင့် ချောင်းရေတင်စိုက်ပျိုးရေးလုပ်ငန်း၊ စိုက်ပျိုးရေတင်နေမှုအခြေအနေအား ယမန်နေ့မွန်းလွဲ (၃)နာရီက ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။