မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂) နှင့် မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၇ / ၂၀၂၂) အစည်းအ​ဝေးသို့  ပြည်နယ်၀န်ကြီးချုပ်တက်​ရောက်

မွန်ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂) နှင့် မွန်ပြည်နယ် လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၂) အစည်းအ​ဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ​အောင်ဆန်း ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ဇီးကုန်းမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်း ထွန်းပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ကြည့်ရှုအား​ပေး

မွန်ပြည်နယ်အတွင်းအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအားတီထွင်ဆန်းသစ်မှုနှင့် အရည်အ​သွေးမြင့် ထုတ် ကုန်များအားဈေးကွက်အတွင်း ယှဉ်ပြိုင်ထိုး​ဖောက် နိုင်မှုဖြင့် အလားအလာ​ကောင်းများ ​ပေါ်ထွန်းလာစေ​ရန် ရည်ရွယ်၍ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်းနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၂၂ ရက်​နေ့၊ မွန်းလွဲပိုင်းက မုဒုံမြို့နယ်၊ ကလော့သော့ကျေးရွာရှိ ​ဒေသ ခံ လုပ်ငန်းရှင် ဦးသိန်းတန်၏ ​​အငယ်စား ရော်ဘာကြိတ်ခွဲလုပ်ငန်းနှင့် ​ရော်ဘာမှိုင်းခံရုံသို့ သွားရောက်၍ ​ရော်ဘာထုတ်ကုန်လုပ်ငန်း ​ဆောင်ရွက်မှုအ​ခြေအ​နေအား ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

မရမ်းကုန်းမြို့နယ်၌ ​ရှေးဦးသူနာပြုစုနည်း အ​ခြေခံသင်တန်းအမှတ်စဉ် (၅/၆) ဖွင့်လှစ်

ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းမြို့နယ် ကြက်​ခြေအနီအသင်းခွဲမှ ကြီးမှူး၍ ​ရှေးဦးသူနာပြု အ​ခြေခံသင်တန်းအမှတ်စဉ် (၅/၆)ကို ယ​မန်​နေ့နံနက်ပိုင်းက အမှတ်(၃) အ​ခြေခံပညာ အထက်တန်း​ကျေားင်းနှင့် အမှတ်(၈) အ​ခြေခံပညာအလယ်တန်း​ကျောင်းတို့၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပြည်မြို့တွင် ဌာနဆိုင်ရာများနှင့် အရပ်ဘက်ပရဟိတလူမှုအဖွဲ့အစည်းများပူးပေါင်း၍ “ရေဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ရန်အတွက် Table Top Exercise စားပွဲဝိုင်းဆွေးနွေးပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ အရပ်ဘက်ပရဟိတလူမှုအဖွဲ့အစည်းများပူးပေါင်း၍ ဒေသတွင်းရေကြီးရေလျှံမှုဘေးအန္တရာယ် လျော့ပါးသက်သာစေရေးအတွက် “ရေဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ရန် Table Top Exercise စားပွဲဝိုင်းဆွေးနွေးပွဲ “ပြုလုပ်ခြင်းကို ယမန်နေ့က ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ကျင်းပရာ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ပြည်မြို့ရှိ အရပ်ဘက်ပရဟိတလူမှုကူညီရေးအဖွဲ့အစည်းများ တက်ရောက်သည်။

သံဖြူဇရပ်၌ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မွန်ပြည်နယ်၊ မော်မြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌လူကုန်ကူး မှုလျော့နည်းကျဆင်းစေရေးအတွက် သံဖြူဇရပ်မြို့နယ် လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေး အဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ရုံးခန်း၌  ကျင်းပပြုလုပ်သည်။

ပွင့်ဖြူမြို့နယ် ဖလံတောကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဒေသခံရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေး ချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအရှိန်အဟုန်မပျက် ကွင်းဆင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက  ပွင့်ဖြူမြို့နယ် ဖလံတော ကျေးရွာသို့ သွားရောက်ပြီး ဒေသခံရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာကြည့်တိုက်ဝန်ဆောင်မှုဆင့်ပွား သင်တန်း  ဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက စာကြည့်တိုက် ဝန်ဆောင်မှု ဆင့်ပွားသင်တန်းကို  ဖွင်လှစ်ပေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကညင်တန်း ရပ်ကွက်အတွင်းရှိ နေအိမ်များ မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကညင်တန်း ရပ်ကွက်ရှိ နေအိမ်များ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက် ၉ နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဆိုတော်နေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ တွင် စာဆိုတော်နေ့ အထိမ်းအမှတ်  Online Talk Show ဆွေးနွေးပွဲကို ယမန်နေ့ ​မွန်းတည့် ၁၂  နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to