မူဆယ်မြို့တွင် အများပြည်သူသုံးစွဲရန် မသင့်လျော်သည့် တရုတ်နိုင်ငံထုတ် စားသောက်ကုန်ပစ္စည်းများအား မီးရှို့ဖျက်ဆီး

မူဆယ်   နိုဝင်ဘာ   ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊မူဆယ်မြို့တွင် အများပြည်သူများ သုံးစွဲရန်မသင့် လျော်သည့် တရုတ်နိုင်ငံထုတ်စားသောက်ကုန်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မူဆယ်မြို့အကောက်ခွန်ဦးစီးဌာနရုံးဝင်းအတွင်းရှိ ဖျက်ဆီး‌ရေးကွင်း၌ မီးရှို့ ဖျက်ဆီးခဲ့သည်။

အဆိုပါ စားသောက်ကုန်ပစ္စည်းများမီးရှို့ဖျက်ဆီးရာတွင် အကောက်ခွန်ဦးစီးဌာန၊ မူဆယ် ၁၀၅ မိုင် ညွှန်ကြားရေးမှူး ဦးကိုကိုနိုင် ဦးဆောင်သော(၆)ဦး အဖွဲ့ဖြင့် တရုတ်နိုင်ငံထုတ်အချိုရည် မျိုးစုံ(FDAမပါရှိ) 4050kg၊ တရုတ်နိုင်ငံထုတ်ဂျယ်လီ(FDAမပါရှိ) 80kg ၊ တရုတ်နိုင်ငံ ထုတ်မုန့် မျိုးစုံ(FDAမပါရှိ) 270kg၊ တရုတ်နိုင်ငံထုတ်ကြက်ဉချောင်းမျိုးစုံ(FDAမပါရှိ) 100kg ၊ Budweiser Beer(330 ml)(1x24 Can)(C/O China) 40Pkgs ၊ R ro Cocktail(275ml)(1x24 Bottle) 35Pkgs ၊ တရုတ်နိုင်ငံထုတ်စီးကရက်မျိုးစုံ 290Cartoon တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး စုစုပေါင်းခန့်မှန့်တန်ဖိုး (၃၃၃၆၁၀၀၀)ကျပ်ခန့် ရှိကြောင်းသိရပါသည်။ ယင်းမီးရှို့ဖျက်ဆီးရာတွင် မူဆယ်(၁၀၅)မိုင် အကောက်ခွန်ဦးစီးဌာန ညွှန်ကြား‌ရေးမှူး ဦးကိုကိုနိုင်၊ မူဆယ်မြို့ စားသုံးသူရေးရာဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးတင့်လွင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း၊ ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထွန်းထွန်းနိုင်၊ မြို့နယ်ကျန်းမာရေးဌာန (သွားကျန်းမာရေး) ဦးစီးအရာရှိ ဒေါက်တာ စိုင်းအောင်ကျော်စော၊ မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်မျိုးဌေးနှင့် သက်ဆိုင်ရာ တာဝန်ရှိဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်းသိရသည်။

အယ်လ်စိုး(မူဆယ်)