ကြံခင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ(၃၀၀)ဦးအား (Pfizer) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ(၃၀၀)ဦးအား ယမန်နေ့နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာအုပ်စုများ၌ ဆေးထိုးစုရပ်သတ်မှတ်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Pfizer) ထိုးနှံပေးခဲ့ကြောင်း သိရသည်။