တိုက်ကြီးမြို့နယ်၌ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး One Village One Product (OVOP) အစီအစဉ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား ပံ့ပိုးငွေပေးအပ်
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ သမဝါယမဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် One Village One Product (OVOP)အစီအစဉ်ဖြင့် ဒေသထွက်ကုန်များဖြစ်သည့် ငါးခြောက်၊ ဝါးခမောက်၊ ဇကောနှင့် ဇကာလုပ်ငန်းဆောင်ရွက်ကြမည့် သမဝါယမအသင်းသားများအား ပံ့ပိုးငွေပေးအပ်ပွဲကို အောက်တိုဘာ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်သမဝါယမဦးစီးဌာန ရုံးခန်းမ၌ ကျင်းပခဲ့သည်။