ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒီဇင်ဘာလူထုအားကစားလ တတိယပတ်စုပေါင်းလမ်းလျှောက်ပွဲတွင် ပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲ

တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာလအား လူထုလှုပ်ရှားအားကစားလအဖြစ် သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်း  စုပေါင်းလမ်းလျှောက်ပွဲကို ပြုလုပ်လျှက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌လည်း ဒီဇင်ဘာလူထုအားကစားလ တတိယပတ်စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရွှေရုပ်တုအဝိုင်းရှေ့၌ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ညောင်ဦးမြို့နယ်၌ ယာယီစစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲ ကျင်းပပြုလုပ်

နိုင်ငံတော်အစိုးရ၏အစီအစဉ်ဖြင့် လတ်တလောနယ်မြေအခြေအနေအရ နေရပ်စွန့်ခွာပြည်သူများ‌‌‌‌‌‌‌‌‌‌‌‌‌‌‌အား ထောက်ပံ့ပေးအပ်လျက်ရှိပြီး အချို့မှာ ညောင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ရောက်ရှိနေထိုင်လျက်ရှိပြီး ၎င်းတို့အနက် ‌မြင်ကပါ‌ကျေးရွာတွင် ယာယီနေထိုင်လျက်ရှိသည့် စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ညောင်ဦးမြို့နယ်၊ မြင်းကပါကျေးရွာအုပ်စု၊ မြင်းကပါကျေးရွာဓမ္မာရုံတွင် ထောက်ပံပေးအပ်ခဲ့ကြောင်း သိသည်။

လက်ပံတန်းမြို့နယ်အတွင်းရှိ မဲရုံတွင်တာဝန်ကြသည့် ပညာရေးဝန်ထမ်းများ ကြိုတင်ဆန္ဒမဲစတင်ပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မဲရုံတွင်တာဝန်ကြမည့် ပညာရေးဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံး၌ ကြိုတင်ဆန္ဒမဲ စတင်ပေးခဲ့သည်။

လက်ပံတန်းမြို့နယ်အတွင်းရှိ မဲရုံတွင်တာဝန်ကြသည့် ပညာရေးဝန်ထမ်းများ ကြိုတင်ဆန္ဒမဲစတင်ပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မဲရုံတွင်တာဝန်ကြမည့် ပညာရေးဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံး၌ ကြိုတင်ဆန္ဒမဲ စတင်ပေးခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးတောင်ကြီးမြို့တွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တွေ့ဆုံညှိနှိုင်းပွဲကျင်းပ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ရှမ်းပြည်နယ် (တောင်ပိုင်း) တာဝန်ခံဦးခင်မောင်ဦးသည် ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက် ၉ နာရီ တွင် တောင်ကြီးမြို့၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မင်းဝင်း၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ တောင်ကြီးခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ MEVM မဲပေးစက်ကြီးကြပ်ရေးနှင့် နည်းပညာအထောက်အကူပြုအဖွဲ့တို့မှ တာဝန်ရှိသူများ၊ တောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၇၅ အုပ်စုမှကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများကိုတွေ့ဆုံ၍ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)တွင် ပါဝင်သည့်တောင်ကြီးမြို့တွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

ဟိုပုံးမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တွေ့ဆုံပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တွေ့ဆုံပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၌ ကျင်းပသည်။

ကျောင်းပေါင်းစုံဘင်ခရာပြိုင်ပွဲ အသင်းလိုက် ပထမဆုနှင့် ကျိုင်းစွမ်းရည် ဒုတိယဆုရ ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့်

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီး ကျောင်းပေါင်းစုံဘင်ခရာပြိုင်ပွဲတွင် အသင်းလိုက် ပထမဆုနှင့် ကျိုင်းစွမ်းရည် ဒုတိယဆုရရှိခဲ့သည့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အ.ထ.က (၂) မှ ဆုရရှိခဲ့ကြသည့် ကျောင်းသား / သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီက အ.ထ.က (၂) အားကစားရုံ၌ ကျင်းပပြုလုပ်သည်။
Subscribe to