တီးတိန်မြို့၌  ယာယီနေရပ်စွန့်ခွာသူနိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ပြုလုပ်

တီးတိန် ဒီဇင်ဘာ ၂၁

ချင်းပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့်တီးတိန်မြို့၌ တီးတိန်ခရိုင်နှင့်တီးတိန်မြို့နယ်အတွင်း  ယာယီနေရပ်စွန့်ခွာသူနိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ရှေးဦးစွာ ချင်းပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဒေါက်တာလျန်ဇခုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏စေတနာအပေါ် လေးစားမြတ်နိုးတန်ဖိုးထားရန် အရေးကြီးကြောင်း၊ နိုင်ငံတော်တည်ငြိမ်ရေးအတွက် ရွေးကောက်ပွဲတွင် မိမိ၏ဆန္ဒမဲများ သွားရောက်မဲပေးရန်လို‌ကြောင်း၊ ယခုတိုက်ပွဲရှောင်ထောက်ပံ့ပေးအပ်မှုသည် တတိယအကြိမ်မြောက်ဖြစ်ပြီး ဇူလှိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ၊ (၃) လစာအတွက် တစ်ဦးလျှင်‌ ခြေက်သောင်းကျပ်ထောက်ပံ့ပေးထားကြောင်း စသည်များပြောကြားခဲ့သည်။

ဆက်လက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများပေးအပ်ကြသည်။

အဆိုပါထောက်ပံ့ငွေများပေးအပ်ရာတွင် လူဦးရေ ၃၅၂ ဦးအတွက် ၂၁၁၂၀၀၀၀ ကျပ် ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)