နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့ သမိုင်းဝင်ဘုရားကိုးဆူ စေတီတော်မြတ်အား(စတုတ္ထ)အကြိမ်မြောက် လုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ဘုရားအနေကဇာတင်ရေစက်ချအလှူမင်္ဂလာအခမ်းအနားနှင့်လွတ်လပ်ရေးနေ့အကြိုအားကစားပြိုင်ပွဲများကြည့်ရှုအားပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့ သမိုင်းဝင် ဘုရားကိုးဆူစေတီတော်မြတ်အား (စတုတ္ထ)အကြိမ်မြောက် လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ဘုရားအနေကဇာတင် ရေစက်ချအလှူမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ အခမ်းအနားသို့ နေပြည်တော် တိုင်းသံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ကိတ္တိသာရ(စာချ၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ပရိယတ္တစာသင်တိုက်၊ ပျဉ်းမနားမြို့)၊ မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တကုသလတို့အမှူးပြုသော သံဃာတော်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတိုးဝင်းနှင့်ဌာနဆိုင်ရာများ၊ ဘုရားကိုးဆူဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းတာဝန်ခံ ဦးသန်းအောင်ကျော် မြစ်သားမြို့နယ်၌ မဲရုံများပြင်ဆင်ထားမှု ကိုကြည့်ရှုအားပေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းတာဝန်ခံ ဦးသန်းအောင်ကျော်သည် ယနေ့ နံနက် ၁၁ နာရီအချိန်က မြစ်သားမြို့သို့ရောက်ရှိပြီး မဲရုံများပြင်ဆင်ထားမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှုခဲ့သည်။

ဘားအံမြို့၌ အခြေခံကင်းထေက်လူငယ်သင်းတန်းဖွင့်

ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့်လူငယ်ရေးရာကော်မတီတို့မှ ကြီးမှူးကျင်းပသော အခြေခံကင်းထောက်သင်တန်း ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပသည်။

(၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူးကျင်းပသော (၇၈)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ ဝိဇယမင်္ဂလာ ဓမ္မသဘင်၌ ကျင်းပသည်။

ဘားအံတက္ကသိုလ်၌ ဆောင်းရာသီဘော်လီဘော အားကစားပြိုင်ပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံအမျိုးသား/အမျိုးသမီး ဆောင်းရာသီဘော်လီဘောပြိုင်ပွဲကို ဘားအံတက္ကသိုလ် အားကစားခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ

စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာကောင်းပေမွန်များရွေးချယ်ဖတ်ရှုကာ အတွေးအမြင်များ ဖလှယ်နိုင်စေရန်ရည်ရွယ်၍ စာရေးဆရာမကြီး တင်ရီမ(ညောင်ဦး)ရေးသားသည့် “ဆယ်စုကိုးလီ ကျော်ခဲ့ပြီ” စာအုပ်ဖြင့် ရေးသူဖတ်သူဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကျင်းပရာ ဆွေးနွေးပွဲသို့ နေပြည်တော်စာပေဝိုင်း ဂုဏ်ထူးဆောင်နာယက၊ ပခုက္ကူစာပေတစ်သက်တာဆုရှင် စာရေးဆရာမကြီး တင်ရီမ(ညောင်ဦး)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့်တာဝန်ရှိသူများ၊ နေပြည်တော်စာပေဝိုင်းအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ တက်ရောက်ကြသည်။

နတ်တလင်းမြို့၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရေး ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး လက်ဝယ်ရရှိစေရန် ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရေး ကိုင်ဆောင်သင့်သည့်ကတ်ပြားတစ်မျိုးမျိုး လက်ဝယ်ရရှိစေရန် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၏ နဝမအကြိမ် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်း အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပုသိမ်မြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၏ နဝမအကြိမ် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

မြောက်ဥက္ကလာပမြို့နယ်၌ လူငယ်နှင့် ယဉ်‌ကျေးမှုအကြောင်းအသိပညာပေးTalk show ပြုလုပ်

မြောက်ဥက္ကလာပမြို့နယ်၌ လူငယ်နှင့် ယဉ်‌ကျေးမှုအကြောင်းအသိပညာပေးTalk show ပြုလုပ် မြောက်ဥက္ကလာပ ဒီဇင်ဘာ ၂၁ သက်လွင်စိုး(ပြန်/ဆက်)
Subscribe to