နတ်မောက်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် ဥစားကြက်သွန်နီများ စတင်စိုက်ပျိုးလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် ဆောင်းသီးနှံတစ်မျိုးဖြစ်သည့် ဥစားကြက်သွန်နီများ စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ပန်းတောင်းမြို့နယ် ဥသျှစ်ပင်စျေးတွင် မီးဘေးအန္တရာယ်တားဆီးကာကွယ်နိုင်ရေး မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ဥသျှစ်ပင်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြိုနယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် မီးဘေးအန္တရာယ်တားဆီးကာကွယ်နိုင်ရေးမီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းကို ဥသျှစ်ပင်စျေး၌ယနေ့နံနက် (၉) နာရီခွဲအချိန်က အဆိုပါစျေးရှေ့တွင် ဆောင်ရွက်ခဲ့သည်။

မိုင်းယုဒေသတွင် ဆောင်းသီးနှံ ဘိုစားပဲသီးများ ယခင်နှစ်ထက် ပေါက်ဈေးမှာ တစ်ကီလိုလျှင် ကျပ်တစ်ထောင်နီးပါး ကျဆင်း

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုဒေသတွင် တောင်သူများ စီးပွားဖြစ် စိုက်ပျိုးထားသည့် ဆောင်းသီးနှံဘိုစားပဲများ လှိုင်လှိုင်ပေါ်၍ ကုန်သည်များထံရောင်းချရာ တစ်ကီလို ကျပ် ၁၂၅၀ (တရုတ်ယွမ် ၂ ယွမ်)သာ ပေါက်ဈေးရှိပြီး ယခင်နှစ်ထက် ပေါက်ဈေးမှာ တစ်ကီလို ကျပ်တစ်ထောင်နီးပါး ကျဆင်းသွားခဲ့ရသည်။

တံတားမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနလူထုအခြေပြုဗဟိုဌာနခန်းမတွင် စာပေဝါသနာရှင်များနှင့် (Book Club) အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာအောင်ကိုဦး ရေးသားသည့် “လူငယ်တွေစဥ်းစားဖို့” စာအုပ်ဖြင့် ယနေ့နံနက် (၁၀) နာရီအချိန်က စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ပင်လုံတက္ကသိုလ်တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ပင်လုံတက္ကသိုလ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ဘက်စုံခန်းမတွင် ကျင်းပခဲ့ပါသည်။

လက်ပံတန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာစီစာကုံးရေးသားနည်းသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်မြင့်မားပြီး ဖတ်မှတ်လေ့လာ၍ စာစီစာကုံးရေးသားမှု ကျွမ်းကျင်ပိုင်နိုင်စေရန်အတွက် စာစီစာကုံးရေးသားနည်းသင်တန်းကို ယနေ့နံနက် (၉) နာရီ၌ လူထုအခြေပြုဗဟိုခန်းမတွင် စတင်ဖွင့်လှစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးတွင် မီးဘေးလုံခြုံရေး အထူးကျွမ်းကျင်မှု (ဆင့်ပွား) သင်တန်း (Mutilplier Course on Fire Safety Specialist) အမှတ်စဉ်(၂/၂၀၂၅)ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးတွင် မီးဘေးလုံခြုံရေး အထူးကျွမ်းကျင်မှု (ဆင့်ပွား)သင်တန်း (Mutilplier Course on Fire Safety Specialist)သင်တန်းဖွင့်ပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ငပုတောမြို့နယ် သက္ကာယ်ချောင်းကျေးရွာ၌ Super sun-41 နေကြာမျိုးစေ့ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်သက္ကာယ်ချောင်း ကျေးရွာ၌ Super -sun 41 နေကြာမျိုးစေ့ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲ အခမ်းအနားကို ယမန် နေ့ ညနေပိုင်းက  သက္ကာယ်ချောင်း ကျေးရွာ‌တောင်သူ ဦးစိုးချစ်၏လယ်မြေ(၂)ဧကတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြသည်။

ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေးအစီအစဥ်(Kaeru Caravan)ဟောပြောဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့၌ သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေး(Kaeru Caravan)ဟောပြောပွဲကို (မြို့မ)အခြေခံပညာအလယ်တန်းကျောင်း ရွှေသံလွင်ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ဟောပြောဆောင်ရွက်ခဲ့​သည်။

စစ်ကိုင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော

စစ်ကိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကို ယနေ့နံနက်(၁၀)နာရီက စစ်ကိုင်းမြို့၊ အမှတ်(၁၁)၊ ရိုင်တန်း အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to