ကျောက်ဆည် နိုဝင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ(၂)နာရီက စာဖတ်ရှိန်မြင့်မားရေး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြို်ငပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ဗဟုသုတပိုမိုရရှိစေမည့် စာအုပ်စာပေများကို စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြင်ပစာပေများဖတ်ရှုခြင်းဖြင့် အသိအမြင်အတွေးအခေါ်များ ပိုမိုရရှိစေရေး၊ စာကြည့်တိုက်နှင့်အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့် စိတ်များဖြစ်ပေါ်လာကာ ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်လူငယ်များ ဖြစ်လာစေရန်ရည်ရွယ်ပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စကားပြောစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယဦးစီးမှူးဒေါ်မြမြမွန်က အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချသည့်အနေဖြင့် ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် မိမိတို့ဖတ်ရှုလေ့လာလိုသည့် စာအုပ်များအခမဲ့လာရောက်ဖတ်ရှုနိုင်ကြောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ပြီး စာဖတ်စွမ်းရည်ပြိုင်နှင့် စကားပြောစွမ်းရည်ပြိုင်ပွဲများကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျေုာင်းမှ အလယ်တန်းအဆင့် ကျောင်သား/ကျောင်သူ(၄၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲအပြီးတွင် ခရိုင်ဦးစီးအရာရှိဒေါ်ခင်နှင်းရီက အမှတ်အရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
သက်မောင်