တောင်ကုတ် နိုဝင်ဘာ ၂၅
တောင်ကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးမြင့်ရွှေက ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး (Talk Show) ပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဆွေဆွေတင့်က ကလေးအလုပ်သမားပြဿနာသည် နေရာအနှံအပြားတွင်တွေ့ရှိနိုင်ပြီး ကမ္ဘာ့နိုင်ငံများတွင်လည်း ရင်ဆိုင်နေရကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဝင်နိုင်ငံဖြစ်ကြောင်းနှင့်၊ ကွန်ဗင်းရှင်းကိုအကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ဥပဒေ၊ နည်းဥပဒေများကိုပြဌာန်းခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်းများကိုဆောင်ရွက်လျက်ရှိကြောင်း၊ UN CRC ၏အခြေခံမူတွင် ကလေးများ၏အခွင့်အရေးအား အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်တို့ကိုသတ်မှတ်ထားကြောင်းပြောကြားပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းဆွေးနွေးသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံးအနေဖြင့် ပြည်သူများအား အသိပညာပေးရေးလုပ်ငန်းများကို လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့် ဝန်ဆောင်မှုပေးလျက်ရှိရာ အများပြည်သူအသိပညာရရှိစေမည့်အစီအစဉ်များကို Online မှတစ်ဆင့် ထုတ်လွှင့်ပေးခြင်းများကိုလည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)