နတ်မောက်မြို့ မြို့မစည်ပင်သာယာရေးစျေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နတ်မောက် နိုဝင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့မစည်ပင်သာယာရေးစျေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ဆောင်ရွက်ထားရှိမှုကို ယမန်နေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြ ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးခဲ့ရာတွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မြို့မစည်ပင်သာယာရေးစျေးကြီးအတွင်း   မီးလောင်မှု၊ မီးလန့်မှုမရှိစေရေးအတွက် မီးသတ်ရေစင်မှ ရေပိုက်လိုင်းများသွယ်တန်းထားရှိမှုများ၊ မီးသတ်ရေလှောင်ကန်များ ရေလုံမှုရှိပြီး ရေအပြည့်ထားရှိနိုင်ရန်၊ ဒိုင်းရှင်းစက်များကောင်းမွန်မှုရှိစေရန် လုံခြုံရေးလျှပ်စစ်မီးလိုင်းများ စစ်ဆေးခြင်းနှင့် မီးသတ်ကားအလွယ်တကူ ဝင်ထွက်သွားလာနိုင်ရေးအတွက် စျေးဆိုင်ခန်းရှေ့ ကျူးကျော်ခင်းကျင်းထားမှုများအား ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများကို  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်ဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး စျေးကော်မတီဝင်များ ပူးပေါင်း၍ မြို့မစျေးအတွင်း ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှဝင်း