တမူးမြို့တွင် ရှေးဦးသူနာပြုစုခြင်းအကြောင်း သိကောင်းစရာ ဟောပြောပွဲပြုလုပ်

တမူး နိုဝင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ရှေးဦးသူနာပြုစုခြင်းအကြောင်း သိကောင်းစရာ ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ အချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း ကဘော်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် တမူးမြို့နယ် ကြက်ခြေနီသူနာနာပြုတပ်ဖွဲ့၊ မြို့နယ်တပ်ဖွဲ့မှူး ဦးခင်မောင်ကျော်၊ ဒုတိယ မြို့နယ်တပ်ဖွဲ့မှူး ဦးတင်မောင်ထွန်းနှင့်နည်းပြများမှ ရှေးဦးပြုစုခြင်း သမိုင်းအကြောင်းအရာများနှင့် စနစ်တကျ ရှေးဦးသူနာပြုစုခြင်းဆိုင်ရာများကို ဟောပြောခဲ့ကြပြီး အရေးပေါ်အသက်ကယ်နည်း၊ ပတ္တီးစည်းနည်းနှင့် အခြားရှေးဦးပြုစုနည်းများကို လက်တွေ့သရုပ်ပြသခဲ့ကြကာ တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲသို့ တမူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရတနာ