မိုးနဲ နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပိုလီယိုအကြောသေရောဂါကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးခြင်းကို ဆိုင်းဖယ်ရွာသစ်ကျေးရွာတွင် အောက်တိုဘာ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက (ပထမ)အကြိမ် တိုက်ကျွေးပေးခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်း၍ ဆက်လက် တိုက်ကျွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့ ဆိုင်းဖယ်ရွာသစ်ကျေးရွာတွင် လတ်တလောပျော့ခွေအကြောသေရောဂါ သံသရ လူနာတစ်ဦးကို အောက်တိုဘာလ က တွေ့ရှိခဲ့မှုကြောင့် Outbreak Response Immunization ORI ဆေးကို အဆိုပါကျေးရွာရှိ အသက် ၁၅ နှစ် အောက်ကလေး ၃၉၉ ဦးကို ပိုလီယိုအကြောသေရောဂါကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးမှုကို (ဒုတိယ)အကြိမ်အဖြစ် ဆက်လက်တိုက်ကျွေးရခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးအကြိမ်ပြည့် နှစ်ကြိမ်တိုက်ကျွေးပြီး ဖြစ်သည့်အတွက် နောက်ထပ်ကာကွယ်ဆေးများထပ်မံ တိုက်ကျွေးရန်မလိုအပ်တော့ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)