မင်းကင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး ပါးစပ်၊ နှာခေါင်းစည်း Mask Campaign ဆောင်ရွက်

မင်းကင်း နိုဝင်ဘာ ၂၅ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီခွဲက သလဘာကျေးရွာနှင့် ကျေးတောင်ဦးကျေးရွာလမ်းဆုံ၌ ဒေသခံပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်၊ နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်သည့် အလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးဆောင်ရွက် နိုင်ရန် ရည်ရွယ်၍   ပါးစပ်၊ နှာခေါင်းစည်း  (Mask) တပ်ဆင်ရေး Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဈေးရောင်းသူများနှင့် ဈေးဝယ်ပြည်သူများ၊ လမ်းသွားလမ်းလာပြည်သူ များအား နေအိမ်ပြင်ပထွက်ခွာသည့် အခါတိုင်း ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်ရန် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ဆောင်ရွက်ကြရန် အသိ ပညာပေးနှိုးဆော်ခြင်း၊ ပါးစပ်နှာခေါင်းစည်း Mask Campaign လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ သည်။

အဆိုပါ Mask Campaign  ကို မင်းကင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ပါးစပ်နှာခေါင်းစည်း (Mask) (၃၀၀၀)ခုကို အခမဲ့ဖြန့်ဝေပေးခဲ့‌ကြောင်း သိရသည်။

ဇလပ်ဖြူ(မင်းကင်း)