မြို့သစ် နိုဝင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းအခြေပြု သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခံခွဲမှုဦးစီးဌာ၊ ဦးစီးမှူးက ငလျှင်ဘေး၊ လေပြင်းဘေး၊ မိုးကြိုဘေး၊ မီးဘေး၊ မုန်းတိုင်းဘေးအန္တရာယ်ဆိုင်ရာ များလည်းကောင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဦးစီးမှူးက ကလေးသူငယ် အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး၊ ကြိုတင်ကာကွယ်ရေးသဘာဝဘေးအန္တရာယ်၊ မူးယစ် အန္တရာယ်လူ့ရန်စွယ်နှင့် လူကုန်ကူးခြင်းကင်းဝေးဖို့ အားလုံးဝိုင်းဝန်းပူးပေါင်းစို့ ခေါင်စဉ်များဖြင့် အသိပညာပေး ဟောပြောခဲ့သည်။
အခမ်းအနားသို့ ကျောင်းသား/ကျောင်းသူ(၁၀၈)ဦး တက်ရောက်ခဲ့ပြီး ကျောင်းသား/ ကျောင်းသူတို့က သိလိုသည်များကို ပြန်လည်မေးမြန်းရာ တာဝန်ရှိသူတို့က မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)