ရမ်းဗြဲ နိုဝင်ဘာ ၂၅
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဝန်ထမ်းများလုပ်ငန်းဆောင်ရွက်ရာတွင် လျင်မြန်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်အတွက် သတ်မှတ်ထားသည့် လုပ်ငန်းစနစ်များ Standard Operating Procedure (SOP) စာအုပ်ဖြင့်ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ ဝန်ထမ်းများက စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။
ရှေ့ဦးစွာ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စီမံခန့်ခွဲရေးဆိုင်ရာ စံသတ်မှတ်ချက်လုပ်ငန်းစနစ်များ ခေါင်းစဉ်ဖြင့်ဦးဆောင်ဖတ်ကြားပေး သည်။ ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဒေါ်သိန်းသိန်းနိုင်မှ ပြည်သူ့စာကြည့်တိုက်လုပ်ငန်းများအကြောင်းကို ဖတ်ကြားဆွေးနွေးခဲ့သည်။
၎င်းဖတ်ကြားဆွေးနွေးမှုများအပေါ်တွင် ဝန်ထမ်းများမှ သိရှိလိုသည်များကိုဆွေးနွေးမေးမြန်းကြရာ ဆွေးနွေးမှုများအပေါ်တွင်အားနည်း ချက် အားသာချက်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်က ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြကြောင်းသိရသည်။
အောင်နိုင်(ပြန်/ဆက်)