မောင်တော နိုဝင်ဘာ ၂၅
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ တည်းခိုရိပ်သာများသို့ မီးဘေးကွင်းဆင်း စစ်ဆေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၁၀ နာရီ အချိန်က လုပ်ဆောင်ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးကျော်နိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များ မြို့ပေါ်ရှိ တည်းခိုခန်းရိပ်သာများသို့ သွားရောက်ကာ မီးဘေးလုံခြုံမှုရှိစေရေးအတွက် မီးသတိမှုရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး စီမံချက်များ ရေးဆွဲထားရှိရေး ၊ လျှပ်စစ်ဝါယာကြိုးများ သွယ်တန်းရာတွင် စနစ်တကျ ရှိ/မရှိ ၊ မီးပလပ်/ ခလုတ်အား ဟောင်းနွမ်းပျက်စီးနေပါက အသစ်လဲလှယ်တပ်ဆင်ရေး၊ ရှေးဦး မီးသတ်ပစ္စည်းကိရိယာများဖြစ်သော မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေပုံးများ၊ ရေကန်များ၌ ရေများ ဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်းနှင့် မီးဘေးလုံခြုံရေးနှင့် အရေးပေါ် လွတ်မြောက်နိုင်ရေးအတွက် အရေးပေါ် ထွက်ပေါက်များထားရှိရေး မတော်တဆ မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ထားရှိစေရေးတို့ကို အကြံပြုလမ်းညွန်မှာကြားခဲ့ကြကြောင်း သိရ သည်။
သက်လွင်စိုး(ပြန်/ဆက်)