မြစ်သားမြို့နယ်အတွင်း  မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ပြည်သူများ၏ လိုအပ်ချက်ဖြည့်ဆည်းရန်အတွက် ကွင်းဆင်းဆောင်ရွက်

မြစ်သား   နိုဝင်ဘာ  ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့်လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်စေရန်  မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သောစစ်ကြောင်းကြီး () ကြောင်းနှင့်ဒေသခံ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က မြစ်သားမြို့နယ် အနောက်သပြေသာကျေးရွာ အုပ်စု၊ အနောက်သပြေသာကျေးရွာဘုန်းတော်ကြီးကျောင်းအတွင်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြိုု့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် () ဗိုလ်မှူးဘိုဘိုအောင်က နိုင်ငံရေးအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေးလုပ်ငန်းစဥ်()ရပ်နှင့်ဦးတည်ချက် ()ရပ်တို့ကို အကောင် ထည်ဖော်ဆောင်ရွက်နေမှုများ ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများက  မိမိဌာနအလိုက်ဆောင်ရွက်နေမှုများကို  ရှင်းလင်းဆွေးနွေးပြီး ကျေးရွာသူ/ကျေးရွာသားများမှ မြင်းဇင်းကန်ပြန်လည်တူးဖော်ပေးစေလိုကြောင်း၊ ကျေးရွာလမ်းအဆင့်မြှင့်တင်ပေးစေလိုကြောင်း၊ သောက်သုံးရေ ပြတ်လတ်မှုမရှိစေရေးအတွက် စက်ရေတွင်းနှင့် ရေစင်တည်ဆောက်ပေးစေလိုကြောင်းနှင့် ကျေးရွာရေ ထုတ်မြောင်းပြန်လည် ပြုပြင်ပေးစေလိုကြောင်း  အသီးသီးဆွေးနွေးတင်ပြရာတက်ရောက်လာသည့်  ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။ ထို့ နောက်မြစ်သားမြို့နယ်အတွင်းရှိရစ်ကန်ရဲကင်းရဲစခန်းမှ ရဲအုပ်ကျော်စိုးက  တရားဥပဒေစိုးမိုးရေးနှင့် လူကုန်ကူးမှုမခံရစေ‌ရေး အသိပညာပေးပြောကြားခဲ့ပြီး  မြို့နယ် လဝက ဦးစီးမှူး ဦးအောင်ကျော်မိုးမှ မှတ်ပုံတင်နှင့်အိမ်ထောင်စုဇယားများ ပြုလုပ်ရာတွင် အခက်အခဲရှိပါက ယခု လိုတွေ့ဆုံပွဲများ၌  ဒေသခံပြည်သူများအနေဖြင့်  ကိုယ်တိုင်လာ‌‌ရောက် တွေ့ဆုံကာဆွေးနွေးနိုင်ကြောင်းရှင်း လင်းပြောကြားပြီးဌာနမှထုတ်ဝေသည့် “မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်” လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရဲနိုင်ဦး(မြစ်သား)