ရွှေတောင် မြို့တွင် စိုက်ပျိုးရေးတောင်သူများ ပြောင်းဖူးပင် စိုက်ပျိုးခြင်းဖြင့် အဆင်ပြေ

ရွှေတောင် နိုဝင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊  ရွှေတောင်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အလေးထားလုပ်ကိုင်လျက်ရှိရာ ယခုအခါဒေသခံ တောင်သူများ ပြောင်းဖူးပင် စိုက်ပျိုးခြင်းဖြင့် စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပြောင်းဖူးစိုက်ပျိုးရာတွင် စတင်အစေ့ချစိုက်ပျိုးချိန်မှ ပြောင်းဖူးရောင်းချချိန်ထိ နှစ်လခွဲခန့်ကြာမြင့်ကြောင်း၊ပြောင်းဖူးတစ်ဖူးလျှင်ဖောက်သည်စျေး (၁၅၀)ကျပ်မှ (၂၀၀)ကျပ်ထိ ရောင်းချရ‌‌ကြောင်းနှင့် ဒေသထွက်ပြောင်းဖူးများသည် လတ်ဆတ်ပြီး ‌အရည်အ‌သွေးကောင်းမွန်သဖြင့် ဈေးကွက်အတွင်း၌ ရောင်းအားကောင်းသည့်အပြင် ပြည်မြို့နှင့် ရန်ကုန်မြို့ သို့လည်း တင်ပို့ရောင်းချနေရကြောင်း ဒေသခံတောင်သူတစ်ဦးထံမှ သိရသည်။

ပြောင်းဖူးပင်များအပြင် အခြားစားပင်သီးပင်များကိုလည်း ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ မိသားစုတစ်ပိုင်တစ်နိုင်စီးပွားရေး အဆင်ပြေကြောင်း သိရသည်။

ကိုကိုမင်း ( ပြန် /ဆက်)