ဟိုပုံး ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တွေ့ဆုံပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့အတွင်းရေးမှူး ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့မှ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ MEVM နည်းပညာအထောက်အကူပြုအဖွဲ့နှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
အစည်းအဝေး၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့အတွင်းရေးမှူး ဦးမျိုးအောင်က အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ အပိုင်း (၃)ပိုင်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်တွင် အပိုင်း (၁) ကို ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ကျင်းပမည့်ရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတမှုရှိသည့် ရွေးကောက်ပွဲဖြစ်စေရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရေးနှင့် မသာမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်ရေး ဆောင်ရွက် လျက်ရှိပါကြောင်းပြောကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အဖွဲ့ဝင် ဒုတိယရဲမှူးကြီး သန်းဋ္ဌေးအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အဖွဲ့ဝင်ဦးနေမျိုးလှိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲအရာရှိ ဦးကျော်ခိုင်ဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေတို့က ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်နှင့်ပေါင်းစပ်ပြီး လုံခြုံရေးသတိ၊ လုံခြုံရေးအသိတို့ဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားကြရန်နှင့် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မဲရုံများစနစ်တကျဖွင့်လှစ်ထားရှိမှု၊ ကြိုတင်မဲပေးမှု ဖောင်းပွမှုမဖြစ်စေရေး၊ မဲမသမာမှုမရှိစေရေး စိစစ်ဆောင်ရွက်ရန်၊ မြန်မာအီလက်ထရော နစ်မဲပေးစက် (MEVM) များကို ရွေးကောက်ပွဲကျင်းပမည့် မြို့ပေါ်နှင့် ကျေးရွာအုပ်စုများသို့ ပို့ဆောင်မှု၊ မဲရုံလုံခြုံရေးနှင့် ဆန္ဒမဲပေးသူများအတွက် လုံခြုံရေးစနစ်တကျဆောင်ရွက်ထားရှိမှုအစီအစဉ်များနှင့် ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းအခြေအနေများကို ပြောကြားကြပြီးနောက် တက်ရောက်လာသူများမှ လိုအပ်သည်များကို ဆွေးနွေးပြောကြားရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ပအိုဝ်းဒေသ (ပြန်/ဆက်)