လက်ပံတန်း ဒီဇင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မဲရုံတွင်တာဝန်ကြမည့် ပညာရေးဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံး၌ ကြိုတင်ဆန္ဒမဲ စတင်ပေးခဲ့သည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း(၁)၌ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ(၄၅)(ခ) အကျုံးဝင်သော မဲဆန္ဒရှင်များအနက် နိုင်ငံတော်တာဝန်များဖြင့် ခရီးဝေးသွားလာရန်ရှိနိုင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်အစိုးရအဖွဲ့အစည်းဝင်များ၊ ကော်မရှင်အဖွဲ့အစည်းအသီးသီးမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲတာဝန်ထမ်းဆောင်ရမည့်သူများသည် ဒီဇင်ဘာ ၁၈ ရက်နေ့မှ ၂၇ ရက်နေ့အထိ နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာထားပြီးဖြစ်ရာ ယနေ့တွင် မဲရုံတွင်တာဝန်ကြသည့် ရွေးကောက်ပွဲတာဝန်ထမ်းဆောင်ရမည့် ပညာရေးဝန်ထမ်းဆရာ၊ ဆရာမများက ပြည်သူ့လွှတ်တော်ခုနှစ်ပါတီ၊ အမျိုးသားလွှတ်တော်ငါးပါတီ၊ (မဲအများဆုံးရသူ အနိုင်ယူစနစ်)၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ငါးပါတီ၊ (မဲအများဆုံးရသူအနိုင်ယူစနစ်)၊ ကရင်တိုင်းရင်းသားလွှတ်တော်ငါးပါတီ၏ သက်ဆိုင်ရာမဲဆန္ဒအလိုက် ဝင်ရောက်ယှဥ်ပြိုင်ကြသည့် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်လောင်းများကို ကြိုတင်ဆန္ဒမဲ စတင်ပေးနှံခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)