ညောင်ဦး ဒီဇင်ဘာ ၂၁
နိုင်ငံတော်အစိုးရ၏အစီအစဉ်ဖြင့် လတ်တလောနယ်မြေအခြေအနေအရ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပေးအပ်လျက်ရှိပြီး အချို့မှာ ညောင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ရောက်ရှိနေထိုင်လျက်ရှိပြီး ၎င်းတို့အနက် မြင်ကပါကျေးရွာတွင် ယာယီနေထိုင်လျက်ရှိသည့် စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ညောင်ဦးမြို့နယ်၊ မြင်းကပါကျေးရွာအုပ်စု၊ မြင်းကပါကျေးရွာဓမ္မာရုံတွင် ထောက်ပံပေးအပ်ခဲ့ကြောင်း သိသည်။
အခမ်းအနားတွင် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက အမှာစကားပြောကြားပြီးနောက် ၂၀၂၅ ခုနှစ်၊ (ဇူလိုင်၊ဩဂုတ်၊ စက်တင်ဘာ)လ များအတွက် အကျုံးဝင်သူ(၃၆၆)ဦးအား နိုင်ငံတာ်အစိုးရမှ လွှဲပြောင်းပေးပို့လာသည့် ထောက်ပံ့ငွေကျပ်(၂,၁၉၆၀,၀၀၀)အား ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်ကော်မတီဝင်များက ကာယကံရှင်များထံ လက်ရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ယာယီစစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယာယီစစ်ဘေးရှောင်ပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း