ကျောက်ဖြူမြို့၌ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ Clean and Green Schools Award ဆုချီးမြှင့်နိုင်ရေးဆုလျှောက်ထားလာသည့် ကျောင်းများအား ကွင်းဆင်းစစ်ဆေး

၂၀၂၃ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားတွင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ Clean and Green Schools Award ဆုချီး မြှင့်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက ဆုရွေးချယ်ရေးကော်မတီအဖွဲ့မှ ခရိုင်အတွင်းရှိ မြို့နယ်များ မှ ပေးပို့ဆုလျှောက်ထားလာသည့်ကျောင်းများအား သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီမှု ရှိ/မရှိ ကွင်း ဆင်းစစ်ဆေးခဲ့သည်။

ကသာမြို့၌ ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု အမျိုးသားအလွတ်တန်းဘော်လီဘောပြိုင်ပွဲ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုဖြစ် ရည်ရွယ်၍ အမျိုးသားအလွတ်တန်းဘော်လီဘော ပြိုင်ပွဲကို ယနေ့နံနက် (၈)နာရီခွဲအချိန်က မြို့နယ် မီတာ(၂၀၀)အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ စတင်ဖြေဆို

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီက စတင်ဖြေဆိုကျင်းပခဲ့သည်။

ပေါက်တောမြို့၌ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ၂၀၂၂-ခုနှစ် ဒီဇင်ဘာလ(၃)နေ့တွင်ရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အခမ်းအနားကို ရွှေမင်းသား ဖေါင်ဒေးရှင်း(မြန်မာ)နှင့် မိတ်ဆက်အဖွဲ့အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်မသန်စွမ်းသူများအသင်း ဘဏ္ဍာရေးမှူး ပေါက်တောမြို့နယ် မသန်စွမ်းသူများဥက္ကဋ္ဌ ဦးသန်းဝင်းချေ ကြီးကြပ်၍ ပေါက်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်သည်။

ကြံခင်းမြို့တွင် School Milk Program အစီအစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နွားနို့နှင့် ကြက်ဥများ တိုက်ကျွေး

ဧရာဝတီဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ချင်းမြောင်အုပ်စု ဘုရားနီတောင်အခြေခံပညာ မူလတန်းကျောင်းတွင် School Milk Program အစီအစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူလေးများအား ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန် အရိုးအဆစ် သန်မာစေရန် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက နွားနို့နှင့် ကြက်ဥများတိုက်ကျွေး ခဲ့ကြသည်။

တောင်ကုတ်မြို့၌ ဆောင်းသီးနှံမျိုးစေ့ထောက်ပံ့အပ်ပွဲ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်းသီးနှံမျိုးစေ့ထုတ်စမ်းသပ်ကွက်စံပြစိုက်ပျိုးကြမည့် တောင်သူများသို့ ဆောင်းသီးနှံမျိုးကောင်းမျိုးသန့် မျိုးစေ့များပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆိပ်ဖြူမြို့နယ်တွင် မိုးစပါးစိုက်ခင်းများရိတ်သိမ်း ယခင်နှစ်ထက် စပါးဈေးပိုမိုရရှိ

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် မိုးစပါးစိုက်ခင်းများ ရိတ်သိမ်းလျက်ရှိပြီး ယခင်နှစ်ထက် စပါးဈေးပိုမိုရရှိကြောင်း စပါးစိုက်တောင်သူများထံမှ သိရှိရသည်။

ကျိုက်လတ်၌ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)နှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်း လုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အောက်ဆင်ကူးကျေးရွာတွင် တည်ဆောက် လျက်ရှိသည့် ကျေးလက်ကျန်းမာရေးဌာန(ခွဲ)နှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်း လုပ်ငန်းများကို ယမန်နေ့ နေ့လယ်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

စားသုံးဆီဈေးနှုန်းချိုသာစွာဖြင့် စားသုံးသူများ လက်ဝယ်အရောက်ရောင်းချပေး

ပြည်ထောင်စုနယ်မြေ နေပြည်တော် စားသုံးသူရေးရာဦးစီးဌာနမှ ဆီကုန်သည် အသင်းဝင်များဖြင့်ပူးပေါင်း၍ ဇေယျာသီရိမြို့နယ်၊ရေဆင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ ယနေ့နံနက်ပိုင်းမှစတင်ကာ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
Subscribe to