မိုင်းဆတ်မြို့၌ အခြေခံပညာကျောင်းပေါင်းစုံ မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲ စစ်ဆေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အခြေခံပညာဦးစီးဌာန၏ စီမံမှုဖြင့် အခြေခံပညာ ကျောင်းပေါင်းစုံ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်၍ အ.ထ.က(မိုင်းဆတ်) မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းမဖက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမူဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းမဖက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ ကျင်းပခဲ့သည်။

သပိတ်ကျင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပွဲကျင်းပ

မန္တ​လေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်မှု စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီက သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက် စက်သုံးဆီလမ်းထိပ်မှ ဘူတာဟောင်းလမ်းဆုံအထိ ထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းတိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အောင်ဇေယျာရပ်ကွက် စက်သုံးဆီလမ်းထိပ်မှ ဘူတာဟောင်းလမ်းဆုံအထိ ထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းတိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ပွင့်ဖြူမြို့မစည်ပင်သာယာဈေးတွင် ဈေးရုံအဆောက်အအုံသစ် ပြုပြင်တည်ဆောက်နိုင်ရန် မူလဈေးရုံ ဟောင်းအဆောက်အအုံ ဖျက်သိမ်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစည်ပင်သာယာဈေးကြီးတွင် ဈေးသူ ဈေးသားများ သန့်ရှင်းသပ်ရပ်စွာဖြင့် ဈေးရောင်းဈေးဝယ်ပြုလုပ်နိုင်ရန်နှင့် ဈေးရုံအဆောက်အဦ ကြံ့ခိုင်ကောင်းမွန်စေရန်ရည်ရွယ်၍ ဈေးရုံအသစ် ပြုပြင်တည်ဆောက်နိုင်ရေးအတွက် မူလရှိ ဈေးရုံ အဆောက်အအုံဟောင်းအား ဖျက်သိမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုင်းပျဉ်း၌ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး(ဆင့်ပွား) အလုပ်ရုံဆေွးနွေးပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ အခြေခံပညာဦးစီးဌာန၊ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်မားရေး(ဆင့်ပွား) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာ အထက်တန်းကျောင်း၊ ဇီဝကခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

ဘုတ်ပြင်းမြို့တွင် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ် အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီက ဘုတ်ပြင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အထက်တန်းနှင့် အလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက် ဖြေဆိုခဲ့ကြသည်။

မြို့သစ်မြို့နယ်တွင် ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းစွာဖြင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရန်အတွက် ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်း၍ ဓာတ်အားပြည့်ဝစွာသုံး စွဲနိုင်ရန်အတွက် မြို့နယ်အတွင်း  ကျေးရွာများသို့  လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားသော ဓာတ်အား လိုင်းများတစ်လျှောက် ကွင်းဆင်းစစ်ဆေးပြီး ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ယမန်နေ့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to