ဝါးခယ်မမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုစီမံကိန်း လုပ်ငန်းစဉ်များဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် မင်းပိုင်းရပ်ကွက်၊ မြူရုံးလမ်းရှိ “ရွှေခယ်သီရိ”ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုစီမံကိန်း လုပ်ငန်းစဉ်များဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။