၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ရမည်းသင်းမြို့နယ်အဆင့် ဘက်စုံလူရည်ချွန်ကိုယ်ကာယ ကြံခိုင်ရေး အားကစားစွမ်းရည်ယှဉ်ပြိုင်ပွဲကျင်းပ

ရမည်းသင်း    နိုဝင်ဘာ   ၃၀

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဘက် စုံလူရည်ချွန်ရွေးချယ်ရေး ကိုယ်ကာယကြံခိုင်မှု အားကစားဆက်လက်ကျင်းပခဲ့ရာ ယနေ့နံနက်(၇)နာရီ ၌ ရမည်းသင်းခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားကွင်း၌ ကိုယ်ခန္ဓာကျန်းမာ ကြံ့ခိုင်ရေး ဆန်းစစ်ချက်အားကစား စွမ်းရည်ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ လူရည်ချွန်ဆန်းစစ်ချက် အားကစားစွမ်းရည်ပြိုင်ပွဲများ ရွေးချယ်ရာ၌ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား ရွေးချယ်ရေးဆိုင်ရာလမ်းညွန်ချက်နှင့်အညီ တာဝန်ရှိသူများမှ ကြီးကြပ်ကာ ရမည်းသင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ Grade -9 ကျောင်းသား၊ ကျောင်းသူ(၂၂)ဦး၊ Grade-10 ကျောင်းသူ(၂၂)ဦးနှင့်  Grade-11 ကျောင်းသား၊ကျောင်းသူ (၂၃)ဦးတို့မှ မီတာ(၁၀၀)၊ မီတာ(၄၀၀)၊ အပြေးပြိုင်ပွဲ၊ အိပ်ချမတင်ပြိုင်ပွဲ၊ လက်ထောက် မှောက်တွန်းတင်ပြိုင်ပွဲနှင့် အလျားခုန်ပြိုင်ပွဲအားကစား ပြိုင်ပွဲများအား ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရ သည်။

ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)