ကျောက်ကြီး နိုဝင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၈ နာရီအချိန်ခန့်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရှိနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးအား စျေးအင်္ဂါရပ်နှင့် ညီညွတ်ခြင်း ရှိ/မရှိ မြို့နယ်တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးမှုတွင် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးအတွင်း စျေးအဆောက်အဦ ခိုင်ခန့်မှုရှိ/မရှိ၊ စျေးဆိုင်းဘုတ်များသပ်ရပ်စွာ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ၊ စျေးဝန်းခြံစည်းရိုး ကာရံထားခြင်း ရှိ/မရှိနှင့် ခိုင်ခန့်မှုရှိ/မရှိ၊ စျေးအတွင်းသာယာလှပရေးဆောင်ရွက်ထားရှိမှု ရှိ/မရှိ၊ စွန့်ပစ်အမှိုက်များအား စနစ်တကျစွန့်ပစ်ထားရှိမှု ရှိ/မရှိနှင့် စျေးရောင်းချနေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်