ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန် ရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေး

ဒဂုံတောင်  နိုဝင်ဘာ ၃၀

ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ထူးချွန်ပြီး ကျန်းမာကြံ့ခိုင်သော အကျင့်စာရိတ္တကောင်းမွန်သည့် ကျောင်းသား၊ လူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ လူရည်ချွန်စိစစ်ရွေးချယ်ခြင်းကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်ရေးစစ်ဆေးခြင်းကို ယနေ့နံနက်(၇:၀၀)အချိန်က မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးရာတွင် မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ မီတာ ၈၀၀ ပြိုင်ပွဲ၊ မီတာ ၄၀၀ ပြိုင်ပွဲ၊ လက်ထောက်တွန်းတင်ပြိုင်ပွဲ၊ ရပ်လျက်အလျားခုန်ပြိုင်ပွဲနှင့် အိပ်ထမတင် ပြိုင်ပွဲများပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါမြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်ရေးစစ်ဆေးခြင်းကို ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌမြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာကြည်(တာဝန်ခံ)နှင့်ကော်မတီဝင်များက ကြီးကြပ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)