(၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မကွေးတိုင်းဒေသကြီး ကိုယ်စားပြု အားကစားသမား (မောင်/မယ်) များအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်သြဝါဒခံယူပွဲနှင့် အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား ကျင်းပ

၂၀၂၃-ခုနှစ် (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား တိုင်းဒေသကြီးနှင့်ပြည်နယ် ဘော်လီဘောပြိုင်ပွဲ အသက်(၁၈)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မကွေးတိုင်းဒေသကြီးကိုယ်စားပြု အားကစားသမား(မောင်/မယ်)များအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်သြဝါဒခံယူပွဲနှင့် အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မကွေးမြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင် လယ်​​​ဝေးမြို့နယ် မြေပြင်ရှိ လူဦးရေစာရင်းနှင့် ပုံစံ(၆၆/၆)ရှိ စာရင်းအား မြေပြင်တွင် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်မှုများအား ကွင်းဆင်း စစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း မြေပြင်ရှိလူဦးရေစာရင်းနှင့် ပုံစံ(၆၆/၆) စာရင်းအား မြေပြင်တွင် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ် ဦးစီးမှူးရုံး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်တို့ ပူးပေါင်း၍ ရှမ်းစု​ကျေးရွာအုပ်စု၊ ဝက်လက်ကျေးရွာတွင် ယမန်​နေ့ နံနက်ပိုင်းမှ စတင် ဆောင်ရွက်လျက်ရှိသည်။

မြို့သစ်မြို့နယ်တွင် အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (ရတနာ) ခန်းမတွင် ယမန်နေ့ကကျင်းပခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်မှု ကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေးခြင်းအား ပြည်သူ့အားကစားကွင်း၌ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးကို နိုဝင်ဘာလ ၂၈ ရက်နေ့မှစတင်၍ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတနှင့် လူတွေ့စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပြီး ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် ပူးပေါင်း၍ ပြည်သူ့အားကစားကွင်းနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းယောင်း၌ ပြည်သူ့လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးရေးအစည်းအဝေးများကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပြည်သူ့လုံခြုံရေးနှင့်ဒေသဖွံ့ဖြိုးရေး အစည်းအဝေးကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ အသီးသီးကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းတုံခရိုင် မြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု‌ အုပ်ချုပ်ရေးမှုများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ အစည်းအဝေးခန်းမတွင် မိုင်းတုံ ခရိုင်/မြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု‌အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ၂နာရီ ၃၀မိနစ်အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကြည့်ရှုစစ်ဆေး၊ သက်သာချောင်ချိရေးအတွက် ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယမန်နေ့က လယ်မြေဧက ၅၀ ကျော်ကို အကျိုးပြုမည့် ဝမ်မန်းနမ့်တောင်ရေလွှဲဆည်တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုအား တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ညောင်ရွှေမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေး အရည်အချင်းစစ်ဆေးခြင်း စာမေးပွဲပြုလုပ်

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး အရည်အချင်းစစ်ဆေးခြင်းစာမေးပွဲကို ညောင်ရွှေမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တောဆင်နင်းခံရပြီး သေဆုံးခဲ့ရသူအတွက် ကယ်ဆယ်ရေးရန်ပုံငွေမှ ၃ သိန်း ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တောဆင်နင်းခံရပြီး သေဆုံးခဲ့ရသူအား ကယ်ဆယ်ရေးရန်ပုံငွေမှ ၃ သိန်းကို ယမန်နေ့ ၂ နာရီခွဲအချိန်က သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခဲ့သည်။
Subscribe to