ကျိုင်းတုံမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ကျိုင်းတုံ နိုဝင်ဘာ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်စကားဝိုင်း ဆွေးနွေးပွဲကို နိုဝင်ဘာ ၃၀ ရက်က ကျိုင်းတုံ မူလတန်းကြိုကျောင်း၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက မေးမြန်းဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့် က အကြမ်းဖက်မှုများ ဖြစ်ပွားရသည့် အကြောင်းအရင်းများနှင့် ကျား၊မ အခြေပြု အကြမ်းဖက်မှုများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ဆောင်မှုပေးနေမှု အခြေအနေများအားလည်းကောင်း၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ခိုင်  က အမျိုးသမီးများအပေါ် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်း၊ စီးပွားရေး အကြမ်းဖက်မှုများနှင့် ဆက်သွယ်ရေးနည်းပညာ အသုံးပြု၍ အကြမ်းဖက်သည့် အမျိုးအစားများ အကြောင်းကိုလည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ဆွေန္ဒာထူး က ကျား၊ မ အခြေပြု အကြမ်းဖက်မှုများဖြစ်ပွားပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ အမျိုးသမီးများ၊ ကလေးငယ်များနှင့် အခြားသူတစ်ဦးဦးအား လူကုန်ကူးပါက ချမှတ်နိုင်သည့် ဥပဒေ၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို လည်းကောင်း၊ ရင်ခွင်မဲ့လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (ကျိုင်းတုံ) အဖွဲ့ဝင် ဒေါ်နန်းမိုးစာ က  အများဆုံးဖြစ်ပွားတတ်သည့် အကြမ်းဖက်မှုများနှင့် အကြမ်းဖက်မှု ရုပ်ပိုင်းဆိုင်ရာအကျိုးဆက်များနှင့် စိတ်ပိုင်းဆိုင်ရာအကျိုးဆက်များ အကြောင်းကိုလည်းကောင်း အသီးသီးဆွေးနွေးကြရာ တက်ရောက်လာသည့် ပရိတ်သတ်များက သိလိုသည်များ ပြန်လည်မေးမြန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)