စဉ့်ကိုင်မြို့နယ်၊ မြို့မဈေးအတွင်း၌ အပတ်စဉ် တနင်္လာ‌နေ့တိုင်း ပလတ်တစ်/ကြွပ်ကြွပ်အိတ် မသုံးစွဲရနေ့ (Monday Stop) လှုပ်ရှားမှုများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြို့နယ်ဈေးအတွင်း၌ ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ အပတ်စဉ်‌ တနင်္လာနေ့တိုင်း ပလတ်စတစ်/ကြွပ်ကြွပ်အိတ် မသုံးစွဲရနေ့ (Monday Stop) လှုပ်ရှားမှုအဖြစ် အင်ဖက်များဖြန့်ဝေခြင်း၊ Recycle Bag များဖြန့်ဝေခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ယ‌မန့်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး Naypyitaw State Academy ၌ ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်းအခမ်းအနား တက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ Naypyitaw State Academy Function Hallခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ Naypyitaw State Academy ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

မချမ်းဘောမြို့နယ်၌ မဲစာရင်းပြည့်စုံမှန်ကန်စေရေး မဲစာရင်းများတိုက်ဆိုင်စစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊မချမ်းဘောမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်၁၈နှစ်ပြည့်ပြီးမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်မဆုံးရှုံးစေရန် မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေး မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းကို ဒီဇင်ဘာလ ၂၂ ရက် နံနက် ၁၀ နါရီက မချမ်းဘောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

မအူပင်မြို့ရှိ DENKO စက်သုံးဆီအရောင်းဆိုင်၌ လက်တွေ့မီးငြှိမ်းသတ်ခြင်သရုပ်ပြ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ် (၂) ရပ်ကွက်၊ မြို့ရှောင်လမ်းရှိ DENKO စက်သုံးဆီအရောင်းဆိုင်၌ မီးဘေးလုံခြုံရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ လက်တွေ့မီးငြှိမ်းသတ်ခြင်းသရုပ်ပြဆောင်ရွက်ခြင်းများ အား ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

‎ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးမောင်(ရှမ်းအရှေ့တာဝန်ခံ)သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မဲစာရင်းစိစစ်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

ချောက်မြို့နယ်တွင် ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ရွေးကောက်ပွဲတာဝန်ထမ်းဆောင်မည့် ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မဲရုံတာဝန်ကျ ဆရာ၊ ဆရာမများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မဲရုံလုံခြုံ‌ရေး တာဝန်ကျသည့်သူများသည် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကြိုတင်ဆန္ဒမဲပေးခဲ့‌ကြောင်း သိရသည်။

ဘားအံမြို့၌ အမျိုးသမီးများနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ခရိုင်အဆင့်အသိပညာပေးသင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ “အမျိုးသမီးများနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ခရိုင်အဆင့်သင်တန်း ၂/၂၀၂၅” ကို ဘားအံမြို့နယ် လှာကဒေါင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက်၉နာရီတွင် ဖွင့်လှစ်သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ဝန်ထမ်းမိသားစု ခရစ္စမတ်မိတ်ဆုံစားပွဲ အခမ်းအနား တက်ရောက်

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၅ ခုနှစ် ဝန်ထမ်းမိသားစု ခရစ္စမတ်မိတ်ဆုံ စားပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ ခရစ်ယာန်ဘာသာဝင်ဝန်ထမ်းများ တက်ရောက်ကြသည်။

ခရမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာများထုတ်ပေး

ရန်ကုန်တိုင်း‌ဒေသကြီး ခရမ်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်(၈)နာရီက စတင်ကာ ထုတ်ပေးလျက်ရှိသည်။

ကန်ကြီးထောင့်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီး‌ထောင့်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to