ကန်ကြီးထောင့်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများထုတ်ပေး

ကန်ကြီးထောင့် ဒီဇင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီး‌ထောင့်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိပြီး နိုင်ငံ့ဝန်ထမ်းအငြိမ်းစား စုစုပေါင်း (၁၀၇၅)ဦးရှိရာ စုစုပေါင်း (၃၈၁) ဦးတို့အား ပင်စင်လစာများထုတ်ပေးပြီးကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှသိရသည်။ ဆက်လက်ပြီး ကန်ကြီးထောင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအဖွဲ့များမှလည်း ပင်စင်လာ‌ရောက်ထုတ်ယူကြ‌သောနိုင်ငံ့ဝန်ထမ်းပင်စင်စားများအား (အခမဲ့)ကျန်းမာရေးစောင့်ရှောက်‌ပေးခြင်း၊ ဆေးဝါးများ‌ ထောက်ပံ့ပေးခြင်း၊ ဆေးဝါးကုသမှုများအား ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး