ပခုက္ကူမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေဆိုင်ရာအသိပညာပေးဟောပြော
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်၊ မြင်သာဘုမ္မရပ်ရှိ၊ ပါကဋတ္တကာရီဘုမ္မကျောင်းတိုက် (ဓမ္မာရုံ) ၌ ဒီဇင်ဘာလ ၂၂ရက် မွန်းလွဲ ၃နာရီအချိန်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ အဆိုပါကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။