ဘားအံ ဒီဇင်ဘာ ၂၂
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ “အမျိုးသမီးများနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ခရိုင်အဆင့်သင်တန်း ၂/၂၀၂၅” ကို ဘားအံမြို့နယ် လှာကဒေါင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက်၉နာရီတွင် ဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာနည်ဝင်းက အမှာစကားပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ရေဝပ်ဒေသများ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အခြေခံသဘော တရားနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးအကြောင်း၊ ခရိုင်သစ်တောဦးစီးဌာနမှ သစ်တောသစ်ပင် များ ထိန်းသိမ်းရေးနှင့် တောမီးကာကွယ်ရေးအကြောင်း၊ ခရိုင်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် အကြောင် ဆွေးနွေးပို့ချခဲ့ရာ သင်တန်းသူ ၂၀ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်