ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းများမှ ရဟန်းသံဃာတော်အရှင်သူမြတ်များနှင့် အသက်(၈၅)နှစ်အထက် သက်ကြီးအဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့မရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း (၄)ကျောင်းမှ သံဃာတော်အရှင်သူမြတ်များနှင့် အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက်(၉)နာရီမှစတင်၍ ကွင်းဆင်းကုသ ဆောင်ရွက်ပေးခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ အထပ်မြင့်အဆောက်အအုံများ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲလင်းနောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်းရှိ အထပ်မြင့်အဆောက်အအုံများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့မပေါ်ရပ်ကွက်များရှိ အထပ်မြင့်အဆောက်အအုံများအား သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများ ကျင်းပခဲ့သည်။

ဝမ်းတွင်းမြို့နယ်၌ Online Shopping ရောင်းချခြင်းနှင့် စပ်လျဥ်း၍ အသိပညာပေး Talk Show ပြုလုပ်

ဝမ်းတွင်းမြို့နယ်၌ Online Shopping ရောင်းချခြင်းနှင့် စပ်လျဥ်း၍ အသိပညာပေး Talk Show ပြုလုပ် ဝမ်းတွင်း ဇန်နဝါရီ ၈ ရဲမျိုးသက်

မိသားစုဝင်ငွေတိုးပွားရေး အသိပညာပေး Talk Show ပြုလုပ်

မိသားစုဝင်ငွေတိုးပွားရေး အသိပညာပေး Talk Show ပြုလုပ် ရမည်းသင်း ဇန်နဝါရီ ၈ ခရိုင် (ပြန်/ဆက်)

တောင်တွင်းကြီးမြို့နယ်တွင် ကျေးလက်လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြည်ထောင်စု/တိုင်းဒေသကြီး ငွေလုံးငွေရင်း/ ပြင်ထိန်း/အထွေထွေပုံလျှံ ရန်ပုံငွေဖြင့် ကျေးလက်လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းမိုးထိုက်၊ မကွေးခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေအောင်ဆန်းနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ကသာမြို့၌ အိမ်တွင်းမှု မုန့်လုပ်နည်းသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ အိမ်တွင်းမှုမုန့်လုပ်နည်းသင်တန်း(အခမဲ့)ကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ခရိုင်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ပွင့်ဖြူမြို့နယ် ထူးပေါက်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားမိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ မဲဇလီကျေးရွာအုပ်စု၊ ထူးပေါက်ကျေးရွာ၌ ဒသမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to