ပလောက်မြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းပေါင်းစုံ မိုးရာသီ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းပေါင်းစုံ မိုးရာသီဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာလ (၁၆) ရက်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့်အစီအစဉ် (MCCT) ရည်ရွယ်ချက်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပါင်း၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့်အစီအစဉ် (MCCT) ရည်ရွယ်ချက်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ရွှေသောင်ယံမြို့ အ.မ.က (၁၉၂) သဲကုန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စု အ.မ.က (၁၉၂) သဲကုန်းကျောင်းတွင် ယမန်နေ့နံနက် (၁၀) နာရီအချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပရာ ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ရီရီလွင်မှ ကျောင်းသား၊ ကျောင်းသူများအား "လူငယ်နှင့်ရည်မှန်းချက်" ခေါင်းစဉ်ဖြင့် ဟောပြောပေးခဲ့သည်။

ကျုံပျော်မြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်ကာ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီ စံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ကျီးအိုင်ကျေးရွာ‌အုပ်စု၊ လှေလုံးရိုးကျေးရွာ၊ ကွင်းအမှတ် 1026 C၊ ဦးပိုင် ၈၉/၅ တောင်သူ ဦး‌အောင်ဇော်၀င်း၏ အောင်နိုင်တိုး စပါးစိုက်ပျိုးသည့် လယ်ယာမြေ (၃)ဧက၌ ယမန်နေ့က ကျင်းပပြုလုပ်သည်။

သန်လျင်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့ ရေလျှံမှု ဖြစ်ပွား

သန်လျင်ခရိုင်၊ သန်လျင်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့မွန်းလွဲ (၂) နာရီက မြို့မတောင်ဖိုးမြေရပ်ကွက်ရှိ အနိမ့်ပိုင်းရပ်ကွက်အချို့ ရေလျှံမှုများဖြစ်ပွားခဲ့သည်။

မိုင်းရယ်မြို့နယ်၌ အခြေခံပညာလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အခြေခံပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အခြေခံပညာအလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်စွမ်းရည် မြို့နယ်အဆင့်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။

ရပ်စောက်မြို့နယ် ကျောင်းအခြေပြု ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအခြေပြုဆုံဆို့၊မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်တွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ခန်းမဆောင်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ် ချောင်းရင်း အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ညောင်လေးပင်မြို့နယ်၌ လူငယ်များ အသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများရှိလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် (၁၀) နာရီအချိန်၌ ချောင်းရင်း အ​ခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်သာမြို့ အနောက်ရပ် အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟော​ပြောပွဲ ကျင်းပ

တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က အနောက်ရပ်အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မှော်ဘီမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ မြောင်းတကာအခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မှော်ဘီမြို့နယ် မြောင်းတကာ အ-ထ-ကကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to