ခရမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာများထုတ်ပေး

ခရမ်း ဒီဇင်ဘာ ၂၂

ရန်ကုန်တိုင်း‌ဒေသကြီး ခရမ်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်(၈)နာရီက စတင်ကာ ထုတ်ပေးလျက်ရှိသည်။

နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအနေဖြင့် ၎င်းတို့၏ ပင်စင်လစာများကို အခက်အခဲမရှိ ထုတ်ယူနိုင်ရေး မြို့နယ်ဘဏ်မန်နေဂျာကြီးကြပ်မှုဖြင့် ဘဏ်ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ခရမ်းမြို့နယ်တွင် ပင်စင်စားဦးရေ စုစုပေါင်း ၁၆၀၀ ကျော်ရှိပြီး တစ်နေ့လျှင် အငြိမ်းစားပင်စင် လစာထုတ်ယူသူ (၃၅၀) ဦးခန့်ရှိကြောင်း ဘဏ်မန်နေဂျာထံမှ သိရသည်။

ခရမ်းမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်း မရှိပါက ကိုယ်စားထုတ်လိုသူ မိဘပြည်သူများအနေဖြင့် ပင်စင်လစာများကို မိမိတို့အဆင်ပြေသည့် နေ့ရက်များတွင် လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် ကိုယ်စားလှယ်ဖြင့် ထုတ်ယူလိုပါက လိုအပ်သည့်အထောက်အထားများဖြင့် ထုတ်ယူနိုင်ကြောင်း သတင်းရရှိသည်။

ခရမ်း(ပြန်/ဆက်)