ကန့်ဘလူမြို့နယ်၌ တစ်နိုင်တစ်ပိုင်သီးနှံစိုက်ပျိုးကြသူများ မိသားစုစီးပွားရေးအဆင်ပြေ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း ဒေသခံတောင်သူများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအပြင် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိသည့် မီးဖိုချောင်သုံးစားပင်သီးနှံများ၊ ပန်းများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလုပ်ကိုင်လာကြပြီး စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းကာ မိသားစုစီးပွားရေးအဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးသူတောင်သူများထံမှ သိရသည်။