သဲကုန်းမြို့နယ်တွင် (တတိယအကြိမ်) ကပ်ထားကြေညာမည့် မဲစာရင်းများ တိကျမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် (တတိယအကြိမ်) ကပ်ထားကြေညာမည့် မဲစာရင်းများတိကျမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ (ခွဲ) ရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ (ခွဲ) ဥက္ကဋ္ဌ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ နိုင်ငံရေးပါတီမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်လောင်းများ တက်ရောက်ခဲ့ကြသည်။

မုံရွာမြို့တွင်  ၂၀၂၅ ခုနှစ်၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်နှင့် စတစ်ကာဖြန့်ဝေခြင်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ မုံရွာမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်‌ဝေခြင်း၊ မော်တော်ယာဉ်များအား စတစ်ကာများကပ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်က မုံရွာမြို့ကန်သာယာအနီး  ဗိုလ်ချုပ်လမ်းမကြီးတွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်‌ဝေခြင်း၊ မော်တော်ယာဉ်များ အား စတစ်ကာများကပ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့တွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှာကြား

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦးသည် ကျောက်မဲခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဘိုးရီနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နံနက် ၉ နာရီအချိန်တွင် ကျောက်မဲခရိုင်၊ နောင်ချိုမြို့၊ မြို့နယ်စည်ပင်ခန်းမ၌ နောင်ချိုမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်ကျော်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နောင်ချိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းများ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များပါဝင်သည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေးရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံနေမှု ကြည့်ရှုအားပေး

ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ် မကျော်သော မိန်းကလေးငယ်များအား ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်က လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကာကွယ်ဆေးထိုးနှံနေမှုအခြေအနေများအား သွားရောက် ကြည့်ရှုအားပေးခဲ့သည်။

သုံးခွမြို့နယ်အတွင်းရှိ မဲရုံပြုလုပ်မည့် နေရာများအား မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၅ - ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံပြုလုပ်မည့်နေရာများအား မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

လားရှိုးမြို့ အ.ထ.က (၄)၌ ရှေးဦးပြုစုခြင်း အခြေခံ (၁၊ ၂၊ ၃/၂၀၂၅) သင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းကကြီးမှူး၍ မြို့နယ်ကြက်ခြေနီအသင်းခွဲဖြင့်ပူးပေါင်းကာ ရှေးဦးပြုစုခြင်းအခြေခံ (၁၊ ၂၊ ၃/၂၀၂၅) သင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀) နာရီက အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရေတာရှည်မြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ ပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ ပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ နံနက် (၉) နာရီက ဓါတ်တော်ဘုရားဝန်းအတွင်းရှိ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်မရော၌ အီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာသင်တန်းဖွင့်

ကျိုက်မရောမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည့်ရက်တွင် မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ အရန်မဲရုံမှူးနှင့် ထိန်းချုပ်စက်ကိုင်တွယ်မည့်သူများအား အီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ပြုလုပ်သည်။
Subscribe to