ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ချင်းပြည်နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) ဟားခါးစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်လင်းထွန်းနှင့် ချင်းပြည်နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ကြသည်။  

ထန်းတပင်မြို့နယ်၌ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ဒီဇင်ဘာ ၂၀ ရက်နေ့က ရေတွင်းကုန်းကျေးရွာအုပ်စုရှိ ကျေးရွာနေပြည်သူများကို တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုကိုးကျွန်းမြို့နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ကိုကိုးကျွန်းမြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော စက်ချုပ်နည်းပညာသင်တန်ဆင်းပွဲကို ယနေ့မွန်းလွဲ ၃ နာရီက ကိုကိုးကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လွိုင်လင်မြို့၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာ (Bill Board)စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

‎‎ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊‌ လွိုင်လင်မြို့၌ ဒီဇင်ဘာ ၂၈ ရက်‌နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြည်သူများအဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေးအတွက် လှုံ့ဆော်ရေးမြေစိုက်ပိုစတာ (Bill Board)စိုက်ထူခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုလမ်းမကြီးဘေး မီးပွိုင့်အနီးတွင် ဆောင်ရွက်ခဲ့ကြသည်။

လပွတ္တာမြို့နယ်အတွင်းရှိ မဲရုံများ၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ မဲရုံများ၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သထုံမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး မြို့နယ်ကော်မရှင်အဖွဲ့ခွဲနှင့် မဲရုံမှူး၊ ဒုမဲရုံမှူးများ တွေ့ဆုံပွဲပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲနှင့် မဲရုံမှူး၊ ဒုမဲရုံမှူးများ တွေ့ဆုံပွဲကို ယမန်နေ့ နံနက်ပိုင်းက လိပ်အင်းရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၌ နဝမအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၌ နဝမအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ၁၃၈၇ ခုနှစ် ပြာသိုလ်လဆန်း ၂ ရက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် နံနက် ၉ နာရီအချိန်က ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဆိပ်ကမ်းလုပ်သားပေါင်းစုံဓမ္မာရုံတွင် နဝမအကြိမ်မြောက် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

သံဖြူဇရပ်မြို့နယ်၌ မဲစာရင်းများ မှန်ကန်မှုရှိစေရေးတိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်ခန်းမ၌ မဲစာရင်းများ မှန်ကန်စေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

လှိုင်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားအငြိမ်းစားများအား စားသုံးဆီများ ဈေးနှုန်းချိုသာစွာ ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စားအငြိမ်းစားများအား ဒီဇင်ဘာလ ၂၂ ရက်မှစတင်၍ မြို့နယ်ကမာရွတ်ဘဏ်ခွဲတွင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ‌ဦးအောင်မြင့်လွင် သာယာဝတီမြို့၌ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ‌ဦးအောင်မြင့်လွင်သည် ယနေ့နံနက်ပိုင်းက သာယာဝတီမြို့ ဆရာစီခန်းမ၌ သာယာဝတီခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ ကော်မရှင်အဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် တွေ့ဆုံရှင်းလင်းဆွေး‌နွေးခဲ့သည်။ 
Subscribe to