ရွှေတောင်မြို့နယ်တွင် နိုင်ငံတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေး

ရွှေတောင် ဒီဇင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်ပိုင်းက နိုင်ငံတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဥ် (၂၁၊ ၂၂) ရက်နေ့တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်၊ ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးသန့်မှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ နိုင်ငံတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျမှုမရှိစေဘဲ ကျန်းမာရေးတိုးတက်ကောင်းမွန်စေရေး၊ ရောဂါများဖြစ်ပွားနေပါက လျင်မြန်စွာကုသခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများမဖြစ်ပေါ်စေရေး၊ ဆောင်ရန်၊ ရှောင်ရန်များအား သေချာစွာသိရှိနားလည်ပြီး သက်တမ်းစေ့နေထိုင်သွားနိုင်စေရေးအတွက် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်လတိုင်း (၂၁) ရက်နေ့တွင် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ကျား (၂၉) ဦး မ (၄၇) ဦး စုစုပေါင်း  (၇၆) ဦးတို့အား ရောဂါရှာဖွေ ကုသပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ ဆေးပဒေသာပင်အတွက် အလှူငွေကျပ် (၅၀၀၀၀၀ိ/-) (ကျပ်ငါးသိန်းတိတိ)အား လှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)