သံတောင်ကြီး ဒီဇင်ဘာ ၂၃
ကရင်ပြည်နယ် သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် ဉယျာဉ်ခြံလုပ်ငန်းများဖြစ်သော ဖာလာ၊ ကော်ဖီ၊ တညင်း၊ ဒူးရင်းသီး၊ လက်ဖက်စသည့် နှစ်ရှည်သီးနှံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိစေရန်အတွက် နှစ်တိုပင်သီးနှံဖြစ်သည့် ငှက်ပျော်သီးပင်များကို နှစ်ရှည်ခံပင်များနှင့် ကြားညှပ်၍ စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ငှက်ပျောသီးများကို တစ်နှစ်လျှင် (၃) ကြိမ် ခုတ်ယူနိုင်ပြီး ယခုလတွင် သံတောင်ကြီးဒေသထွက် ငှက်ပျောသီးများ ဈေးကောင်းရရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် အဓိကစိုက်ပျိုးသော ငှက်ပျောသီးအမျိုးအစားများမှာ သီးမွှေးငှက်ပျောပင်၊ ရွှေနီငှက်ပျောပင်၊ ရွှေဝါငှက်ပျောပင်များဖြစ်ပြီး အဆိုပါငှက်ပျောပင်များ စိုက်ပျိုးပြီး (၈) လခန့်တွင် ငှက်ပျောအဖူးများ စတင်ထွက်ပြီး (၁၀) လခန့်တွင် ငှက်ပျောခိုင်အရင့်များ ဆွတ်ခူးကာ သံတောင်ကြီးမြို့ပေါ်တွင်သာမ တောင်ငူမြို့ရှိ ငှက်ပျောသီးအဝယ်တိုင်များထံတွင် တင်ပို့ရောင်းချကြသည်။
ယခုနှစ်တွင် ငှက်ပျောသီးတစ်ဖီးလျှင် အရွယ်အစားအလိုက် ကျပ် (၂၅၀၀) မှ ကျပ် (၄၀၀၀) အထိ ရရှိပြီး ဈေးကောင်းရရှိကြောင်း ငှက်ပျောသီးစိုက်ပျိုးလုပ်ကိုင်သူ တောင်သူဦးစောမောင်ဂါးထံက သိရသည်။
နော်နော်မူ